မမလိုပဲ ခေါ်ပါရစေနော်…

2012 December 8 (စနေနေ့ )
=====================

မမ နဲ့  ကျွန်တော်က တစ်မြို့ ထဲမှာ ရှိနေပေမဲ့  မတွေဖြစ်ကြ။ မမက ရာထူးကြီးကြီးနှင့် တာဝန်ထမ်းဆောင်နေရသူ တစ်ဦးဖြစ်သည်။ကျွန်တော်ကလဲ ကျောင်းစာတွေက တစ်ဖက် လေ့ကျင့်ရေးက တစ်ဖက်နှင့်မအားလပ်။ မမ အားသည့်အချိန်တွင် ကျွန်တော် မအား။ ကျွန်တော်အားသည့်အချိန်တွင် မမ က တာဝန်နဲ့ ။ မမဆီလိုက်သွားဖို့ ရာကလဲ မန်းလေးအိမ်က စိတ်မချ။

မနေ့ က မမ ထံမှ ဖုန်းရသည်။ မောင်လေး 8 ရက်နေ့  ကို မမ မုံရွာကိုသွားရမယ် အဲနေ့  မင်းမုံရွာကိုလာခဲ့ ပေးလို့ ရမလားတဲ့ ။ ပျော်သည်ပေါ့။ မန်းလေးမှာ တွေ့ ဖို့  မလွယ်သည်မို့  မုံရွာမှာ ဆုံရန်ဆုံးဖြတ်လိုက်သည်။

ခဏနေတော့ ပြင်ဦးလွင်က အစ်မ ဝါဝါ ဖုန်းဆက်ပြန်သည်။ " လမင်း ၈ ရက်နေ့ ကို မမ မန်းလေးကိုလာခဲ့ မယ်။ လမင်းကို မမ မေမေနဲ့  မိတ်ဆပ်ပေးမလို့ ။ ရတနာပုံတယ်လီပို့ စ်က မမ အစ်ကို ၂ ယောက်ရောပါမှာနော်။ ကိုကိုတွေကလဲပြောတယ် လမင်းက သိပ်တော်တယ်တဲ့  "

မောင်လမင်း ဘာလုပ်ရပါ့။ ဒွိဟတွေရဲ့  လွန်ဆွဲပွဲတွင် မမ ဘက်ကအလေးသာလျက်ရှိသည်။ ဒါပေမဲ့  ဝါဝါ အစ်ကိုတွေနဲ့ က . . ဟူးးး။

ခြံဝန်းထဲက ခုံတန်းလေးပေါ်အိပ်ပြီး နဖူးပေါ်လက်တင် စဉ်းစားနေရပြန်သည်။ တစ်ဖက်က ရှိရိုသမျှ အလုပ်တွေကိုပစ်ထားခဲ့ ပြီး အားလပ်ရက်ကို မနည်းယူထားရသူ။ တစ်ဖက်က မိသားစုတစ်ခုလုံးကို ကျွန်တော်အကြောင်းတွေ တဖွဖွပြောထားတဲ့ သူ။ မတွေးချင်ပါ

အိမ်ပေါ်က အမေခေါ်သံကြား၍ တက်သွားလိုက်သည်။ လမင်းနဲ့  အောင်ချမ်းငြိမ်းကို မနက်ဖြန် မုံရွာကို ပြန်လွှတ်လိုက်ပါတဲ့ ။ ကံတရားရဲ့  အဆုံးအဖြတ်ပေးမူကိုပဲ ကျေးဇူးတင်မိသည်။

၂၀၁၂/၁၂/၈  7:00 AM

"ကိုကိုရေးဖုန်းလာနေတယ် ကိုကိုရေးဖုန်းလာနေတယ်"
အေး လမင်းအောင် ဒီနေ့  အထက်မြန်မာပြည် သမဝါယမဝန်ကြီးလာမှာလေကွာ မင်းစကားပြောရမယ် လာခဲ့ အုံးကွ
မလာလို့ ရမလား စတီးကုမဏ္ဏီက ဦးလွင်မိုးလာမယ်။ ဆရာဦးစိုးမြင့်သန်းလဲ လာခဲ့ ဦးမယ်တဲ့ ။ ဒီနေ့ လို နေ့ မျိုး မင်းလက်မလွှတ်သင့်ဘူးနော်"

မတတ်နိုင်ပါ သွားရပေဦးမည်။ မမ ရေး ကျွန်တော်ကို မစောင့်နဲ့ တော့ သွားနှင့်လိုက် ဒီက အစည်းအဝေးပြီးရင် တန်းလာခဲ့ မယ်။

10 AM မေသန်း သားကိုလာခေါ်တော့ မြန်မြန် ။ မောင်ချမ်းရယ် ကျွန်တော်ရယ် စက်ဘီးတစ်ဘက်နဲ့  ရရာ ကားကိုစီးလာခဲ့ ရတော့သည်။

မုံရွာကို ရောက်သည်နှင့် ပြိုင်ဘီးကလေးကိုစီးပြီး အိမ်ကိုတန်းပြန်လာခဲ့ တော့သည်။ မောင်ချမ်းကို အိမ်ကဆိုင်ကယ်နှင့် လာကြိုသည်။ မုံရွာအိမ်ကိုရောက်တော့ လူကြီးတွေနှင့် စကားခဏ ပြောရသည်။ ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနက ပေးသည့် ဂုဏ်ပြုလက်မှတ်ကို အပ်ရသည်။

2:00 PM မိန်းကျောင်းနားက တိုင်းရင်းဆေးရုံးလမ်းတဲ့  ဟိုလူကိုမေး ဒီလူမေးနဲ့  ရောက်လာခဲ့ သည်။

" လမင်း မ ဒီမယ်"

မြန်မာဆန်ဆန် ကျက်သရေရှိရှိ အိနြေ္ဒရရ လှနေသည့် ကျွန်တော်မမ ။ ကျွန်တော်ချစ်တဲ့  ဆံပင်ရှည်ကြီးတွေနဲ့  အတူ မမ ရဲ့ အလှသည် ရင်ထဲကို အေးချမ်းသွားစေသည်။
တီ..တီ..တီ . . ရုတ်တရက် နားထဲအသံမည်လာသည်။ လမင်းအောင် ခုချက်ခြင်း အိမ်ကိုပြန်ခဲ့ ပါ ၅ မီနစ်အတွင်း ရောက်ပါစေ ငါအောင်ချမ်းငြိမ်းရယ်။

ဒီဘယ်လမ်းကို ဆိုင်ကယ်တွေကားတွေ ရှောင်ရင် လာနေသည့်မမ။ ကျောက္ကာ လမ်းမပေါ်အရှိန်မသေသေးသည့် ကျွန်တော်ဆိုင်ကယ် လီဗားသံ။

ခွင့်လွှတ်ပါ မမ ။ အရာအားလုံးကို စွန့် လွှတ်ရဲပါတယ်။ ဒါပေမဲ့  မုံရွာအိမ်ကို လွန်ဆန်ရဲတဲ့  သတ္တိ ကျွန်တော်မှာ ရှိမနေခဲ့ဘူး။

ဟိုးလွန်ခဲ့ တဲ့  နှစ်နှစ်ဆယ် မုံရွာအိမ်က အောင်အောင်ဦး ရေးခဲ့ သည့် ကဗျာတစ်ပုဒ်ကို အောင့်မေ့မိသည်။
``သို့ ပါသော်လည်း၊
ရင်ထဲတည်ထား၊ ကျေးဇူးတရားကြောင့်
နှလုံးသားတွင်၊ သွေးစိမ်းရှင်ထွက်
ဓားထက်ထက်ဖြင့်၊ ခွဲရက်ပါသည် . . ´´
ခွဲရက်ပါသည်…။

အသည်းတွေလဲကွဲခဲ့ ရပါပြီး။ မမ ရဲ့ အမုန်းကိုလည် ရခဲ့ ပါပြီး။ မမ တစ်ယောက်တော့ ကျွန်တော်အပေါ် နားကျည်းနေလောက်ရော့ပေါ့။ မမ ဒီနိုင်ငံက ထွက်သွားပြီးလို့  သိလိုက်ရပြန်တော့။ ကျွန်တော်အပေါ်မှာထားတဲ့  မမ အမုန်းက မသေးဘူးဆိုတာခန့် မှန်းမိပါတယ်။

ရေစက်လက်ကျန်မကုန်သေးလို့ ပဲဖြစ်ပါစေ။ သံသရာတစ်ပတ်လည်လို့  မမ နဲ့ ကျွန်တော် ပြန်ဆုံဖြစ်ကြမယ်ဆိုရင်....၊
ဟိုးးးးအရင်တုံးကလိုပဲ  မမ လို့ ပဲ ခေါ်ပါရစေနော်. . . . .

မောင်လမင်းအောင်


တစ်ပတ်အတွင်းလူကြည့်အများဆုံး

Meber ၀င်ခဲ့ ပါဗျာ....

မောင်လမင်းအောင်(သုတစွယ်စုံ)မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မိတ်ဆွေတို့ ဖုန်းမှ ဖတ်လိုပါက Download လုပ်ယူရန်