အပယ်ခံ မေမေ

အပယ်ခံ မေမေ
===========
ဒီနေ့  ဘဘ ရဲ့  မွေးနေ့  ............။
မနက်စောစော ဆွမ်းချက်နေသည့် မေမေ နှင့် ဒေါ်လေးတို့  ဘာမဟုတ်သည့် ပြဿနာလေးတစ်ခုအတွက်နှင့်စကားများနေကြသည်။
တစ်ဦးနှင့်တစ်ဦး အပြန်ပြန်အလှန်လှန် အပြစ်ဖို့ နေသည့်အတွက်မောင်လမင်း စိတ်ရူတ်လို့  ဆိုင်ကယ်တစ်စီးနှင့် လမ်းမကြီးပေါ်သို့  အရှိန်ပြင်းပြင်း မောင်းနှင်သည်။
ပြီးတော့ တစ်နေရာတွင် ထိုင်စဉ်စားသည် "အပယ်ခံ မေမေ့ အကြောင်း"ကို...။
မေမေ၏ အားနည်းချက်တစ်ခုသည် ဆင်းရဲခြင်းဖြစ်သည်။
ထိုအားနည်းချက်ကြောင့်ပင် လူတကာက နိုင်ချင်ကြသည်။
ထိုလူတကာဆိုသည့်အထဲတွင်မှ သူ၏ သွေးရင်း မိဘ၊ မောင်နှမ များကပါ နှိပ်ချချင်တော့ သူ့ အနေနှင့် မည်သို့ ခံစားနေရမည်ဆိုတာကို တွေးကြည့်လေတိုင်း မောင်လမင်း အလွန်စိတ်ထိခိုက်မိသည်။
သဘာဝ တရားကြီးက လူတိုင်းကို တူညီတဲ့  အခွင့်အရေး ပေးထားပါတယ်။ ချမ်းသာသူပဲ ဖြစ်ဖြစ်
ဆင်းရဲ သူပဲ ဖြစ်ဖြစ် ခံစားချက်ကို ထည့်သွင်းပေးထားသည်ပဲလေ...။
10 နာရီထိုးတော့ မောင်လမင်း အိမ်ပြန်ရောက်လာပြီး။ မေမေ ကို မတွေ့ ။
ဘုန်းကြီးတွေကို သင်္ကန်း ကပ်တော့ မိသားစုဝင်အားလုံးရှိသည်။ သို့ ပေမဲ့  မေမေ မပါ။ ဧည်ခံသည့် ၀ိုင်းတွင်လည်း မေမေ့ ကို မတွေ့ …။ မေမေ ဘယ်မှာလဲလို့  ဘယ်သူကိုမှ မမေးပါဘူး၊ ကျွန်တော်သိပါတယ် မေမေ့ကို မိသားစုစာရင်းမှ ပယ်ထားသည်ပဲ။
ကျွန်တော် မျက်ရည် မကျခင် အိမ်ကအမြန်ပြန်ထွက်လာခဲ့ သည်။
လမ်းတလျှောက်လုံးတွေးနေမိတာကတော့ " အပယ်ခံ မေမေ ဘယ်နေရာမှာများ သူ့ ဘ၀ရဲ့  ကြေကွဲမူတွေကို ကုစားနေပါလိမ့်............"

မောင်လမင်းအောင်

12.1.2014


တစ်ပတ်အတွင်းလူကြည့်အများဆုံး

Meber ၀င်ခဲ့ ပါဗျာ....

မောင်လမင်းအောင်(သုတစွယ်စုံ)မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မိတ်ဆွေတို့ ဖုန်းမှ ဖတ်လိုပါက Download လုပ်ယူရန်