လွန်ခဲ့ တဲ့  (၃)ရက်က မြန်မာစာ အချိန်မှာ မြန်မာစာဆရာကမြန်မာသဒ္ဒါကိုသင်ရင်
သုံးသွားတဲ့  ၀ါကျတစ်ကြောင်းကို ကျွန်တော်အနေနဲ့ ဘ၀င်မကျဖြစ်ခဲ့ မိတယ်။
သင်ခန်းစာမှာ ပုဒ်ဆက်သမန~ဓ အကြောင်းဖြစ်ပြီး သုံးသွားသည့်ဝါကျမှာအောက်ပါအတိုင်းဖြစ်သည်။
သူ(နာမ်စား) သို့ မဟုတ် သူမ(နာမ်စား) လာခဲ့ ။ ဟူရ်ျဖြစ်သည်။
ကျွန်တော်သိထားသည်မှာ "သူမ"ဟူသည့်စကားလုံးသည် မြန်မာစကားလုံးမဟုတ်ပါ။
မြန်မာစကားလုံးမဟုတ်သည့်အပြင် အခြားမည်သည့်ဘာသာစကားတွင်မှ "သူမ"ဆိုသည်
စကားလုံးရှိမနေပါ။ ထို့ သို့ မရှိသည်ကို မြန်မာစာဆရာက ဘာကြောင့်သုံးသွားရတာလဲဆိုတာကို
နားမလည်နိုင်ဖြစ်ခဲ့ ရသည်။
ကျွန်တော်အခုဆိုလိုချင်သည်မှာ ဆရာကို အပြစ်တင်လိုရင်းမဟုတ်ပါ။ "သူမ" ဟူသည့်စကားလုံးကို
တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြသဖြင့် သတိပြုမိရန်ရေးသားဖော်ပြခြင်းသာဖြစ်ပါသည်။
ဆိုခဲ့ သည့်အတိုင်း "သူမ" သည် မြန်မာစကားလုံးမဟုတ်ပါ။
မြန်မာစကားလုံးမဟုတ်သည့်အပြင်မည့်သည်ဘာသာစကားမှမဟုတ်ပါ။
က်ျသို့ ပြောနေရသည်မှာ အခြားဘာသာများမှစကားလုံးများကို မွေးစားသုံးယူရ်ျရသောကြောင့်ဖြစ်သည်။
ဥပမာ--ကား၊တယ်လီဖုန်း၊ဒါရိုက်တာ၊ဟယ်လီကော်ပတာ ....................စသဖြင့်မြန်မာစကားအဖြစ်
မွေးစားထားသည်။
သို့ သော် "သူမ" သည်မည်သည့်စကားတွင်မှရှိမနေပါ။ "သူမ" စတင်ဖြစ်ပေါ်လာပုံကိုကျွန်တော်အနေနဲ့ 
ရှင်းပြပါမယ်။
စာဖတ်သူမိတ်ဆွေတို့  မှတ်မိကြမည် ထင်ပါသည်၊ ကျွန်တော်တို့ ငယ်စဉ်က
အင်္ဂလိပ်စာ သင်ကြားရင်း ကျက်မှတ်ခဲ့ ရသည်ကို သတိပြန်ဖော်ပေးပါမည်။ ယင်းမှာ
he=သူ ၊ she=သူ(မ)
စသည့်ဖြင့်ကျက်မှတ်ခဲ့ ရသည်။ကျွန်တော်တို့ သည် အင်္ဂလိပ်စာကို ဒုတိယဘာသာစကားအဖြစ်သင်ကြားရ
သူများဖြစ်သည့်အတွက် အထီး၊ အမ ကွဲပြားစေရန် she=သူ နောက်မှအမျိုးသမီးဖြစ်ကြောင်း
သိသာစေရန် "မ"ဆိုသည့်စကားလုံးလေးအား ကွင်းစကွင်းပိတ်နှင့် ရေးထားသည်ကို မိတ်ဆွေတို့  သိရှိထားပြီးဖြစ်သည်။
တကယ်တော့ he=သူ ၊ she=သူ ပါပဲ။
ဒါကိုဘာသာပြန်သူတွေက သူမ သူမ နဲ့ လုပ်နေတော့ အမှားကြာ၊ အမှန်ဖြစ်သွားမည်ကိုလွန်စွာစိုးရိမ်ပါသည်။
သိသာသွားအောင် ကျွန်တော် she၊ her ပါသည့် ၀ါကျကိုဖွဲ့ ပြပါမည်။
She is my girl-friend. သူကကျွန်တော်ရည်းစားလေ။
Hear is my friend, her name is meary. ဟောဒီမှာကျွန်တော်သူငယ်ချင်းသူနာမည်က မေရီ ဖြစ်ပါတယ်။
အထက်ပါစာကြောင်းများကိုကြည့်ပါ she/ her ကို
အမျိုးသမီးဖြစ်ကြောင်းသိနိုင်ပါတယ်၊ သိပြီးသားလဲဖြစ်ပါတယ်။ သူမ
ဆိုတာကြီးထည်ထည့်ပြန်ကြတော့ ကလေး တွေက "သူမ"ဆိုတာကြီးကိုမြန်မာစာ မှတ်ပြီး
ပြောဆိုသုံးစွဲနေကြတာ ၀မ်းနည်းဖွယ်တွေ့ ရပါတယ်။
"သူ" ဆိုသည့် နာမ်စားသည် အထီး၊ အမ၊ တရစ္ဆာန် အားလုံးကို သုံးနိုင်ပါတယ်။
ဥပမာ--မောင်မောင်သည် သူ၏အိမ်ကိုအစွမ်းကုန်ပြင်ဆင်သည်။
မောင်မောင်လေ သူအစ်ကို ကိုရိုက်လိုက်လိုတဲ့  (အပြောခံနာမ်စားအဖြစ်)
မမြသည် သူ၏မိခင်ကိုအလွန်ရိုသေသည်။
သူကို အိမ်နီးနားချင်တွေက မမြ လို့ ခေါ်ကြသတဲ့ (အပြောခံနာမ်စားအဖြစ်)
အောင်နက်သည် သူ၏သခင်အပေါ်သစ္စာရှိသောခွေးတစ်ကောင်ဖြစ်သည်။
အောင်နက်လေး သနားပါတယ် သူသခင်က ရိုက်လိုက်တာ
အစားတောင်မစားနိုင်ရှာဘူး(အပြောခံနာမ်စားအဖြစ်)
အထက်ပါ ၀ါကျများကို လေ့လာခြင်းအားဖြင့် "သူ"ဆိုသည့် နာမ်စားတစ်လုံးနှင့်ကိစ္စအားလုံးပြတ်ပါသည်အဘယ်ကြောင့်အလုပ်ရူပ်ခြင်းကြတာလဲ၊
အပြောခံ နာမ်စားတွေကို ဖြစ် သူ၊သင်း၊ငါ စသည့်တွေကို "မ" ထည့်ရင် သူမ၊ ငါမ၊ သင်းမ တွေဖြစ်ကြကုန်ရင်
တော့ဖြင့် မြန်မာစာမြန်မာစကားအတွက်ရင်လေးမိပါတော့တယ်။
ကျွန်တော် တင်ပြချက်များသည် မြန်မာစာ၊ မြန်မာစကားကို လွဲမှားစွာအသုံးပြုနေမည် စိုးသောကြောင့်
သတိပြုရေးသားခြင်းသာဖြစ်ပါသည်။
စာပေမြင့်မှ၊ လူမျိုးမြင့်မည်။
ကိုယ်စာပေကို ချစ်မြတ်နိုးမှသာလျှင် တိုင်းပြည်နှင့် လူမျိုးဂုဏ် တိုးတက်မြင့်မားလာမည်ဖြစ်ပါသည်။
မောင်လမင်းအောင်
(28.8.2013......7:45pm)
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
ကိုလမင်းညဘက်ပုန်းရင်နတ်ဖွတ်တယ်ဆိုတာဟုတ်လား အယ်မင်းကိုဘယ်သူပြောလဲကွ ဟုတ်လားမဟုတ်ဘူးလာသာပြောစမ်းပါဗျာ မဟုတ်ဘူးကွာ... ဘာလို့ လဲ မင်...
-
😀😀🤞🤞🤞 နှိပ်ပါ
-
ကျောင်းစားကျောင်းနေ၊ ဘောဒါမြေ၌ စာသင်စာကျက်၊ စာပြန်နွေးခဲ့  စာဖတ်စာဆို၊ စာတွက်ပို၍ အာရုံတပါး၊ မလွင့်ပြားခဲ့  ခြောက်ပါးဘာသာ မြန်မာ,လိ...
-
ငါမင်းနဲ့ ဝေးတဲ့ အချိန်ဟာ တကယ်ကို ငရဲပါ ငါကောင်မလေးတစ်ယောက်ပြီးတစ်ယောက် နဲ့  ဟိုတယ်မှာပဲ ညတိုင်း အချိန်တွေ ကုန်နေခဲ့ တယ် ...ငါအတွက် ...
-
ပျော်ရွှင်မူတွေအတိနဲ့  ပြည့်ဝနေတဲ့  မြန်မာပြည် မင်းအတွက်ဆို အသက်ကိုစွန့် လို့ ပေးဝံ့သည်။ စည်းကမ်းကောင်းမူသည့် ပြည်သူ/သားစုံညီ မြန်မာပြည် မ...
-
သြော်...တစ်ခဏတာ၊ ခွဲရပေမဲ့ ၊ ရင်ထဲအသည်းထဲမှာ၊ ဆူးနစ်နေအောင်၊ သေမလောက်ခံစားနေရတယ်ဆိုတာ ၊ ကြုံဖူးရင်သိမှာပါ။ ဘ၀နှစ်ခုထပ်တူကျဖို့ အရေး၊ မျှော်...
-
2012 December 8 (စနေနေ့ ) ===================== မမ နဲ့  ကျွန်တော်က တစ်မြို့ ထဲမှာ ရှိနေပေမဲ့  မတွေဖြစ်ကြ။ မမက ရာထူးကြီးကြီးနှင့် တာဝန်ထမ်း...
-
ရင်ခွင်တပါးပြောင်းရွေ့ သွားသည် မကြင်ချစ်သူ စိမ်းရက်သူကို မေ့နိုင်သော်ငြား ကောင်းလေတကားဟု တောင်းဆုခါခါ ပြုတိုင်းသာတည့် မချစ်လို့ မဟုတ် မချစ...
-
အပယ်ခံ မေမေ =========== ဒီနေ့  ဘဘ ရဲ့  မွေးနေ့  ............။ မနက်စောစော ဆွမ်းချက်နေသည့် မေမေ နှင့် ဒေါ်လေးတို့  ဘာမဟုတ်သည့် ပြဿနာလေးတစ်ခု...
-
လွန်ခဲ့ တဲ့  (၃)ရက်က မြန်မာစာ အချိန်မှာ မြန်မာစာဆရာကမြန်မာသဒ္ဒါကိုသင်ရင် သုံးသွားတဲ့  ၀ါကျတစ်ကြောင်းကို ကျွန်တော်အနေနဲ့ ဘ၀င်မကျဖြစ်ခဲ့ မိတယ်...