ဦးလမင်းဆယ်တန်းတုံးကရေးထားတဲ့ ကဗျာလေး

ကျောင်းစားကျောင်းနေ၊
ဘောဒါမြေ၌
စာသင်စာကျက်၊
စာပြန်နွေးခဲ့ 
စာဖတ်စာဆို၊
စာတွက်ပို၍
အာရုံတပါး၊
မလွင့်ပြားခဲ့ 
ခြောက်ပါးဘာသာ
မြန်မာ,လိပ်,ချာ၊ ဓာ,ရူ,ဘောဂ
မှတ်တိုင်းရသည်၊
သမာဓိကြိုး
ဥာဏ်တန်းခိုးနှင့်၊
ရွတ်ပွားမပျက်
နေစဉ်ကျက်သည်၊
အောင်မြင်ဂုဏ်ထူးများစေဖို့ ။ ။

ခွင့်ဆက်ရက်ရှည်၊
ကျောင်းပပြင်တွင်၊
အနေကြာကြာ၊
စိတ်ထွေလာခဲ့ ၊
အပြင်ထွက်ပေါက်၊
အလည်မြောက်၍၊
ရောက်တက်ရာရာ၊
စိတ်လွင့်ပါသည်၊
စာဆိုမသိ၊
စာမရှိတော့၊
စာကိုမေ့ထား၊
အပျော်များပြီး၊
ဆင်ခြေဆင်လက်၊
ကြံစဆောင်ရည်၊
အိမ်ပြန်ရောက်ခိုက် ပျော်ချင်သည်။ ။

စာမေးဖြေချိန်၊
နီးကပ်လေသော်၊
တုန်လှုပ်ခြောက်ခြား၊
စိတ်လှုပ်ရှားသည်၊
"စာလဲမနိုင်၊ စာမပိုင်"
"စာလဲမရ၊ စိတ်တွေကျ"
စာဖြေခန်းတွင်၊
မည်သို့ မည်ပုံ၊
ကြုံရမည်ကို၊
"တွေးထင်စိတ်မော၊ နှလုံးလှုပ်ခုန်"
ခြောက်ဘာစုံကို၊
ဘုရားတရင်း၊
ညစဉ်ရှိးခိုး၊
ကျွန်မျှော်ကိုးသည်
အောင်မှတ်ရရင်ကျေနပ်ပြီး ။ ။

မောင်လမင်းအောင်


တစ်ပတ်အတွင်းလူကြည့်အများဆုံး

Meber ၀င်ခဲ့ ပါဗျာ....

မောင်လမင်းအောင်(သုတစွယ်စုံ)မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မိတ်ဆွေတို့ ဖုန်းမှ ဖတ်လိုပါက Download လုပ်ယူရန်