ဦးလမင်းဆယ်တန်းတုံးကရေးထားတဲ့ ကဗျာလေး
ကျောင်းစားကျောင်းနေ၊
ဘောဒါမြေ၌
စာသင်စာကျက်၊
စာပြန်နွေးခဲ့ 
စာဖတ်စာဆို၊
စာတွက်ပို၍
အာရုံတပါး၊
မလွင့်ပြားခဲ့ 
ခြောက်ပါးဘာသာ
မြန်မာ,လိပ်,ချာ၊ ဓာ,ရူ,ဘောဂ
မှတ်တိုင်းရသည်၊
သမာဓိကြိုး
ဥာဏ်တန်းခိုးနှင့်၊
ရွတ်ပွားမပျက်
နေစဉ်ကျက်သည်၊
အောင်မြင်ဂုဏ်ထူးများစေဖို့ ။ ။
ခွင့်ဆက်ရက်ရှည်၊
ကျောင်းပပြင်တွင်၊
အနေကြာကြာ၊
စိတ်ထွေလာခဲ့ ၊
အပြင်ထွက်ပေါက်၊
အလည်မြောက်၍၊
ရောက်တက်ရာရာ၊
စိတ်လွင့်ပါသည်၊
စာဆိုမသိ၊
စာမရှိတော့၊
စာကိုမေ့ထား၊
အပျော်များပြီး၊
ဆင်ခြေဆင်လက်၊
ကြံစဆောင်ရည်၊
အိမ်ပြန်ရောက်ခိုက် ပျော်ချင်သည်။ ။
စာမေးဖြေချိန်၊
နီးကပ်လေသော်၊
တုန်လှုပ်ခြောက်ခြား၊
စိတ်လှုပ်ရှားသည်၊
"စာလဲမနိုင်၊ စာမပိုင်"
"စာလဲမရ၊ စိတ်တွေကျ"
စာဖြေခန်းတွင်၊
မည်သို့ မည်ပုံ၊
ကြုံရမည်ကို၊
"တွေးထင်စိတ်မော၊ နှလုံးလှုပ်ခုန်"
ခြောက်ဘာစုံကို၊
ဘုရားတရင်း၊
ညစဉ်ရှိးခိုး၊
ကျွန်မျှော်ကိုးသည်
အောင်မှတ်ရရင်ကျေနပ်ပြီး ။ ။
မောင်လမင်းအောင်
်
အပယ်ခံ မေမေ
အပယ်ခံ မေမေ
===========
ဒီနေ့  ဘဘ ရဲ့  မွေးနေ့  ............။
မနက်စောစော ဆွမ်းချက်နေသည့် မေမေ နှင့် ဒေါ်လေးတို့  ဘာမဟုတ်သည့် ပြဿနာလေးတစ်ခုအတွက်နှင့်စကားများနေကြသည်။
တစ်ဦးနှင့်တစ်ဦး အပြန်ပြန်အလှန်လှန် အပြစ်ဖို့ နေသည့်အတွက်မောင်လမင်း စိတ်ရူတ်လို့  ဆိုင်ကယ်တစ်စီးနှင့် လမ်းမကြီးပေါ်သို့  အရှိန်ပြင်းပြင်း မောင်းနှင်သည်။
ပြီးတော့ တစ်နေရာတွင် ထိုင်စဉ်စားသည် "အပယ်ခံ မေမေ့ အကြောင်း"ကို...။
မေမေ၏ အားနည်းချက်တစ်ခုသည် ဆင်းရဲခြင်းဖြစ်သည်။
ထိုအားနည်းချက်ကြောင့်ပင် လူတကာက နိုင်ချင်ကြသည်။
ထိုလူတကာဆိုသည့်အထဲတွင်မှ သူ၏ သွေးရင်း မိဘ၊ မောင်နှမ များကပါ နှိပ်ချချင်တော့ သူ့ အနေနှင့် မည်သို့ ခံစားနေရမည်ဆိုတာကို တွေးကြည့်လေတိုင်း မောင်လမင်း အလွန်စိတ်ထိခိုက်မိသည်။
သဘာဝ တရားကြီးက လူတိုင်းကို တူညီတဲ့  အခွင့်အရေး ပေးထားပါတယ်။ ချမ်းသာသူပဲ ဖြစ်ဖြစ်
ဆင်းရဲ သူပဲ ဖြစ်ဖြစ် ခံစားချက်ကို ထည့်သွင်းပေးထားသည်ပဲလေ...။
10 နာရီထိုးတော့ မောင်လမင်း အိမ်ပြန်ရောက်လာပြီး။ မေမေ ကို မတွေ့ ။
ဘုန်းကြီးတွေကို သင်္ကန်း ကပ်တော့ မိသားစုဝင်အားလုံးရှိသည်။ သို့ ပေမဲ့  မေမေ မပါ။ ဧည်ခံသည့် ၀ိုင်းတွင်လည်း မေမေ့ ကို မတွေ့ …။ မေမေ ဘယ်မှာလဲလို့  ဘယ်သူကိုမှ မမေးပါဘူး၊ ကျွန်တော်သိပါတယ် မေမေ့ကို မိသားစုစာရင်းမှ ပယ်ထားသည်ပဲ။
ကျွန်တော် မျက်ရည် မကျခင် အိမ်ကအမြန်ပြန်ထွက်လာခဲ့ သည်။
လမ်းတလျှောက်လုံးတွေးနေမိတာကတော့ " အပယ်ခံ မေမေ ဘယ်နေရာမှာများ သူ့ ဘ၀ရဲ့  ကြေကွဲမူတွေကို ကုစားနေပါလိမ့်............"
မောင်လမင်းအောင်
12.1.2014
မမလိုပဲ ခေါ်ပါရစေနော်…
2012 December 8 (စနေနေ့ )
=====================
မမ နဲ့  ကျွန်တော်က တစ်မြို့ ထဲမှာ ရှိနေပေမဲ့  မတွေဖြစ်ကြ။ မမက ရာထူးကြီးကြီးနှင့် တာဝန်ထမ်းဆောင်နေရသူ တစ်ဦးဖြစ်သည်။ကျွန်တော်ကလဲ ကျောင်းစာတွေက တစ်ဖက် လေ့ကျင့်ရေးက တစ်ဖက်နှင့်မအားလပ်။ မမ အားသည့်အချိန်တွင် ကျွန်တော် မအား။ ကျွန်တော်အားသည့်အချိန်တွင် မမ က တာဝန်နဲ့ ။ မမဆီလိုက်သွားဖို့ ရာကလဲ မန်းလေးအိမ်က စိတ်မချ။
မနေ့ က မမ ထံမှ ဖုန်းရသည်။ မောင်လေး 8 ရက်နေ့  ကို မမ မုံရွာကိုသွားရမယ် အဲနေ့  မင်းမုံရွာကိုလာခဲ့ ပေးလို့ ရမလားတဲ့ ။ ပျော်သည်ပေါ့။ မန်းလေးမှာ တွေ့ ဖို့  မလွယ်သည်မို့  မုံရွာမှာ ဆုံရန်ဆုံးဖြတ်လိုက်သည်။
ခဏနေတော့ ပြင်ဦးလွင်က အစ်မ ဝါဝါ ဖုန်းဆက်ပြန်သည်။ " လမင်း ၈ ရက်နေ့ ကို မမ မန်းလေးကိုလာခဲ့ မယ်။ လမင်းကို မမ မေမေနဲ့  မိတ်ဆပ်ပေးမလို့ ။ ရတနာပုံတယ်လီပို့ စ်က မမ အစ်ကို ၂ ယောက်ရောပါမှာနော်။ ကိုကိုတွေကလဲပြောတယ် လမင်းက သိပ်တော်တယ်တဲ့  "
မောင်လမင်း ဘာလုပ်ရပါ့။ ဒွိဟတွေရဲ့  လွန်ဆွဲပွဲတွင် မမ ဘက်ကအလေးသာလျက်ရှိသည်။ ဒါပေမဲ့  ဝါဝါ အစ်ကိုတွေနဲ့ က . . ဟူးးး။
ခြံဝန်းထဲက ခုံတန်းလေးပေါ်အိပ်ပြီး နဖူးပေါ်လက်တင် စဉ်းစားနေရပြန်သည်။ တစ်ဖက်က ရှိရိုသမျှ အလုပ်တွေကိုပစ်ထားခဲ့ ပြီး အားလပ်ရက်ကို မနည်းယူထားရသူ။ တစ်ဖက်က မိသားစုတစ်ခုလုံးကို ကျွန်တော်အကြောင်းတွေ တဖွဖွပြောထားတဲ့ သူ။ မတွေးချင်ပါ
အိမ်ပေါ်က အမေခေါ်သံကြား၍ တက်သွားလိုက်သည်။ လမင်းနဲ့  အောင်ချမ်းငြိမ်းကို မနက်ဖြန် မုံရွာကို ပြန်လွှတ်လိုက်ပါတဲ့ ။ ကံတရားရဲ့  အဆုံးအဖြတ်ပေးမူကိုပဲ ကျေးဇူးတင်မိသည်။
၂၀၁၂/၁၂/၈ 7:00 AM
"ကိုကိုရေးဖုန်းလာနေတယ် ကိုကိုရေးဖုန်းလာနေတယ်"
အေး လမင်းအောင် ဒီနေ့  အထက်မြန်မာပြည် သမဝါယမဝန်ကြီးလာမှာလေကွာ မင်းစကားပြောရမယ် လာခဲ့ အုံးကွ
မလာလို့ ရမလား စတီးကုမဏ္ဏီက ဦးလွင်မိုးလာမယ်။ ဆရာဦးစိုးမြင့်သန်းလဲ လာခဲ့ ဦးမယ်တဲ့ ။ ဒီနေ့ လို နေ့ မျိုး မင်းလက်မလွှတ်သင့်ဘူးနော်"
မတတ်နိုင်ပါ သွားရပေဦးမည်။ မမ ရေး ကျွန်တော်ကို မစောင့်နဲ့ တော့ သွားနှင့်လိုက် ဒီက အစည်းအဝေးပြီးရင် တန်းလာခဲ့ မယ်။
10 AM မေသန်း သားကိုလာခေါ်တော့ မြန်မြန် ။ မောင်ချမ်းရယ် ကျွန်တော်ရယ် စက်ဘီးတစ်ဘက်နဲ့  ရရာ ကားကိုစီးလာခဲ့ ရတော့သည်။
မုံရွာကို ရောက်သည်နှင့် ပြိုင်ဘီးကလေးကိုစီးပြီး အိမ်ကိုတန်းပြန်လာခဲ့ တော့သည်။ မောင်ချမ်းကို အိမ်ကဆိုင်ကယ်နှင့် လာကြိုသည်။ မုံရွာအိမ်ကိုရောက်တော့ လူကြီးတွေနှင့် စကားခဏ ပြောရသည်။ ပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနက ပေးသည့် ဂုဏ်ပြုလက်မှတ်ကို အပ်ရသည်။
2:00 PM မိန်းကျောင်းနားက တိုင်းရင်းဆေးရုံးလမ်းတဲ့  ဟိုလူကိုမေး ဒီလူမေးနဲ့  ရောက်လာခဲ့ သည်။
" လမင်း မ ဒီမယ်"
မြန်မာဆန်ဆန် ကျက်သရေရှိရှိ အိနြေ္ဒရရ လှနေသည့် ကျွန်တော်မမ ။ ကျွန်တော်ချစ်တဲ့  ဆံပင်ရှည်ကြီးတွေနဲ့  အတူ မမ ရဲ့ အလှသည် ရင်ထဲကို အေးချမ်းသွားစေသည်။
တီ..တီ..တီ . . ရုတ်တရက် နားထဲအသံမည်လာသည်။ လမင်းအောင် ခုချက်ခြင်း အိမ်ကိုပြန်ခဲ့ ပါ ၅ မီနစ်အတွင်း ရောက်ပါစေ ငါအောင်ချမ်းငြိမ်းရယ်။
ဒီဘယ်လမ်းကို ဆိုင်ကယ်တွေကားတွေ ရှောင်ရင် လာနေသည့်မမ။ ကျောက္ကာ လမ်းမပေါ်အရှိန်မသေသေးသည့် ကျွန်တော်ဆိုင်ကယ် လီဗားသံ။
ခွင့်လွှတ်ပါ မမ ။ အရာအားလုံးကို စွန့် လွှတ်ရဲပါတယ်။ ဒါပေမဲ့  မုံရွာအိမ်ကို လွန်ဆန်ရဲတဲ့  သတ္တိ ကျွန်တော်မှာ ရှိမနေခဲ့ဘူး။
ဟိုးလွန်ခဲ့ တဲ့  နှစ်နှစ်ဆယ် မုံရွာအိမ်က အောင်အောင်ဦး ရေးခဲ့ သည့် ကဗျာတစ်ပုဒ်ကို အောင့်မေ့မိသည်။
``သို့ ပါသော်လည်း၊
ရင်ထဲတည်ထား၊ ကျေးဇူးတရားကြောင့်
နှလုံးသားတွင်၊ သွေးစိမ်းရှင်ထွက်
ဓားထက်ထက်ဖြင့်၊ ခွဲရက်ပါသည် . . ´´
ခွဲရက်ပါသည်…။
အသည်းတွေလဲကွဲခဲ့ ရပါပြီး။ မမ ရဲ့ အမုန်းကိုလည် ရခဲ့ ပါပြီး။ မမ တစ်ယောက်တော့ ကျွန်တော်အပေါ် နားကျည်းနေလောက်ရော့ပေါ့။ မမ ဒီနိုင်ငံက ထွက်သွားပြီးလို့  သိလိုက်ရပြန်တော့။ ကျွန်တော်အပေါ်မှာထားတဲ့  မမ အမုန်းက မသေးဘူးဆိုတာခန့် မှန်းမိပါတယ်။
ရေစက်လက်ကျန်မကုန်သေးလို့ ပဲဖြစ်ပါစေ။ သံသရာတစ်ပတ်လည်လို့  မမ နဲ့ ကျွန်တော် ပြန်ဆုံဖြစ်ကြမယ်ဆိုရင်....၊
ဟိုးးးးအရင်တုံးကလိုပဲ မမ လို့ ပဲ ခေါ်ပါရစေနော်. . . . .
မောင်လမင်းအောင်
့
A friend I shall never forget
မနေ့ က ဟိန်းမင်းသူတင်လိုက်သော ကျွန်တော်တို့ အတူအမှတ်တရရိုက်ကူးထားသည့် ဓာတ်ပုံ တစ်ခုကိုတွေ့ မိရာ သူနှင့်အတူ သူငယ်ချင်းတစ်ယောက်ကိုလည်း အထူးသတိရမိသည်။ ကျွန်တော်အထူးသတိရမိသော သူငယ်ချင်းမှာ ငြိမ်းအောင်ဖြစ်သည်။ ငြိမ်းအောင်နှင့် အမှတ်တရများစွာရှိခဲ့ သည်အနက် တစ်ခုသောမမေ့နိုင်စရာမှာ……။
××××××XXXX××××
ငြိမ်းအောင်နှင့် စတင်ဆုံသည်မှာ
ကျွန်တော် ၁၀တန်းစာမေးပွဲဖြေဆိုရန်အတွက် ဘော်ဒါဆောင်တစ်ခုသို့  ရောက်စကဖြစ်ပါသည်။
"လမင်း ငါနင့်ကို ၁၀တန်း အောင်စေချင်တယ်"
မမြင်မတွေ့ ဖူးပါပဲ ကျွန်တော် ရင်ခုန်စွဲလန်းခဲ့ ရသည့် မိန်းကလေးတစ်ယောက်၏ စကားသံတွေကိုလည်း အမြဲကြားယောင်နေမိသည်။ ချစ်တဲ့ စိတ်တစ်ခုနှင့် အရာရာကိုသည်းခံကာ မာနကိုလျော့ သူ့ အလိုကိုသာလိုက်တော့မည်ဟု ဂတိပေးခဲ့မိသည်။ ထို့ ကြောင့် ကျွန်တော် ဒီအဆောင်ကိုရောက်လာခဲ့ ခြင်းဖြစ်သည်။
ရောက်စ၌ အစိမ်းသက်သက်ဖြစ်သော်လည်း တစ်ပတ် နှစ်ပတ်အကြာမှာ နေသားကျအောင် နေတတ်ခဲ့ ပြီးဖြစ်သည်။ ထိုစဉ်တွင် ငြိမ်းအောင်နှင့် စသိပါသည်။ ကျွန်တော်တို့  အဆောင်တွင် ငြိမ်းအောင်ဟု သညာအားဖြင့်မှည့်ခေါ်သော အမည်တူနှစ်ယောက်ရှိသည်။ ငြိမ်းအောင် ၁ ၊ ငြိမ်းအောင် ၂ ဟု အတန်းဖော်တွေအမှတ်သညာပြုကြပေမဲ့  ကျွန်တော်ရည်းညွှန်းလိုသောသူမှာ မုံရွာငြိမ်းအောင်ဖြစ်သည်။ သို့ သော်သူသည် မုံရွာသားတော့ မဟုတ်ပါ။
××××××
ကျွန်တော်သည် စာဖတ်ဝါသနာပါ၏။ ဝါသနာအရ စာတိုပေစကလေးများကိုလည်း ရေးတတ်သေး၏။ ပြင်ပစာဟူု၍ ဖတ်စရာတစ်ခုတစ်လေမျှမရှိသော အဆောင်တွင် စကားလုံးလေးများကို တစ်လုံးစီဖြုတ်၍ ကစားလေ့ရှိသည်။ အဆောင်တွင် တစ်ယောက်တည်း ထီးထီးရှိစဉ် စကားလုံးလေးများကို စီတန်း၍ ရေးတက်သည်။ ဤသည်မှာ ကျွန်တော့်၏ အပျင်းပြေစေသောကစားနည်းတစ်ရပ်ဖြစ်သည်။
…
တစ်ရက်သားမှာတော့ ကျွန်တော်သည် စာမသင်သောကျောက်သင်းပုန်းတစ်ခုပေါ်တွင် ကဗျာတစ်ပုဒ်စပ်မိခဲ့ သည်။ (ထိုအချိန်ကစာသင်ကြားခြင်းမပြုသည့်နေရာစ်ြသော်လည်း စာသင်နှစ်တစ်ဝက်တွင် တန်းခွဲတစ်ခုခွဲ၍စာသင်ပါသည်။
အဆောင်တွင် Section A နှင့် B ဟု၍ နှစ်တန်းခွဲ၍စာသင်သည်။ Section A တွင်ဂုဏ်ထူးရည်ကျောင်းသားများအတွက်ရည်ရွယ်၍ လူဆယ်ယောက်သာလက်ခံသင်ကြားပေးသည်။ မောင်လမင်းမှာ စာမတော်သော်လည်း ၁၀ ယောက်ရွေးချယ်သည့်အဖွဲ့ ၌ ပါသွားသည်။ )
ရက်သတ္တတစ်ပတ်အကြာတွင် အဆောင်တွင် ဆူဆူညံညံဖြစ်လာသည်။ အကြောင်းမှာ အဆောင်မှူးက ကျောင်းသားများအားလုံးကို ရှေ့ တော်မှောက်သို့  ဆင့်ခေါ်ခြင်းကြောင့်ဖြစ်သည်။ ကျွန်တော်ရောက်တော့ ဒီစာဘယ်သူရေးတာလဲ ဒီစာဘယ်သူရေးတာလဲဟု ကျောင်းသားများကို စစ်မေးနေတာတွေ့ ရသည်။ မောင်လမင်းလည်း ကျွန်တော်ရေးတာပါဆရာမ ဟုပြန်ဖြေကြားခဲ့ ပါသည်။ ထို့ နောက့်  မောင်လမင်းကို ကျောင်းသားတွေရှေ့ ခေါ်ထုတ် အထူးစပယ်ရှယ်ဆူငေါက်ပါတော့သည် နောင်ဒီလိုမရေးတော့မည့် အကြောင်းပါ ဝန်ခံကတိပြုလိုက်ရပါတော့သည်။
ကျောင်းသားတွေကတော့ မြှောက်သည် ကိုလမင်းပြန်မပြောရဲဘူးလား ဘာလားညာလားစသည့်ဖြင့်ပြောကြသည်။ ဒီလိုနှင့်ကျောင်းသားများကိုပါတစ်နေ့  မင်းတို့ အားလုံးလက်ခံလာရပါစေ့မယ်လို့  ကတိပြုလိုက်သည်။
အထက်ပါအဖြစ်အပျက်ဖြစ်ပြီးသည်နှင့် လအနည်းငယ်အကြာတွင် အဆောင်တွင် စာမေးပွဲစစ်မေး၏။ မြန်မာစာမဖြေမီ ညတစ်ညက ငြိမ်းအောင် ကျွန်တော့်အခန်းရောက်လာသည်။ စာမကျက်နိုင်သည့်အကြောင်း၊ စာစီစာကုံးမရေးတတ်သည့်အကြောင်း ကူညီပေးပါဦးဟု ပြောလာလေသည်။ မေးခွန်းတွင်မေးမည့် စာစီစာကုံးသုံးပုဒ်တွင် တစ်ပုဒ်မှာ ကျွန်ုအနှစ်သက်ဆုံးကဗျာတစ်ပုဒ်ဟု ကျောင်းသားများ အားလုံးသိထားရာ ကိုယ်ရသည့်ကဗျာတစ်ပုဒ်ကိုရေး၍ ဖြေနိုင်ကြောင်းအကြုံပြုမိသည်။ သို့ သော်မောင်မင်းကြီးသားက မည်သည့်ကဗျာမှမရပါ ကဗျာတိုတိုလေးရှိရင်ပေးပါလို့  တောင်းဆိုလာလေသည်။ အနှီးတော့လည်း အဆောင်မှူးအမျက်တော်ရှသည့် မောင်လမင်း၏ ကဗျာတိုလေးတစ်ပုဒ်ကိုသာ ပေးလိုက်လေတော့သည်။ မောင်လမင်း၏ ကဗျာမှာ "မမကေသွယ်ကိုချစ်တယ်" ဆိုတဲ့  အကြောင်းကို စာတစ်လုံးစီဖြုတ်၍ ကဗျာစပ်ထားခြင်းဖြစ်သည်။
"သဝေးသေးသေး၊ ကကွေးကွေးနှင့်၊ သ၏ရင်ဝယ်၊ ဝ,တွဲလွဲခို၊ ယ ရေးသတ်သည့်၊ ချစ်မမကို၊ သိပ်ချစ်ချင်သည်၊ ချစ်ရင်မမ၊ စိတ်ဆိုးရဘူး၊ သားသားအတည်ချစ်မှာနော်။ ။"ဆိုသည့်စာတိုကလေးဖြစ်သည်။
သို့ သော် ဒီလိုပြုလျှင် မဖြစ်သမို့  ရေးနည်းဖြေးနည်းကို အချိန်တိုတိုနှင့် ရှင်းလင်းလွယ်ကူစေရန်သင်ပြပေးလိုက်ပါသည်။
ကဗျာခေါင်းစဉ်ကို "မင်္ဂလာတရားထွန်းကားပြည့်တည်မြန်မာပြည်" ဟုပေးစေသည်။ နောက်စကားလုံးတစ်လုံးစီကိုလဲ အဓိပ္ပါယ်ဖွင့်စေသည်။ တိုင်းချစ်ပြည်ချစ်စိတ်ကိုလည်း ဖြစ်တည်စေလိုက်သည်။ "မ"ဆိုတာ ကြာသပေးတေးနုံဖြစ်ကြောင်း ကြာသပတေးဂြိုလ်သက်မှာ ၁၉ ဖြစ်ကြောင်း၊ ၁၉×၂= ၃၈ ဖြစ်ကြောင်း ဗုဒ္ဓဟောခဲ့ သည့်၃၈ဖြာမင်္ဂလာတရားတော်နှင့်အညီကျင့်ကြံနေတာဖြစ်ကြောင်း။ လူသားအားလုံး၏အထက်တွင်ရှိသောမြင့်မြတ်တဲ့  နန်းတော်ခြင်းဖြစ်ကြောင်း စသဖြင့် စသဖြင့် နည်းလမ်းအမျိုးမျိုးကို ပြောပြပေးခဲ့ သည်။ စကားလုံးတစ်လုံးချင်စီ၏ အဓိပ္ပါယ်ကိုလည်း ယုတ္တိရှိအောင် ကျမ်းကိုးအားထားနှင့်ပြုစေသည်။ နည်းလမ်းအမျိုးမျိုးပြောပြခဲ့ ပြီးဖြစ်၍ တစ်မျိုးပြီးတစ်မျိုး မှတ်မီသလိုရေးစေသည်။
စာမေးပွဲဖြေပြီးရက်အနည်းငယ်အကြာ အဖြေစာအုပ်ထွက်လာသည်။ ငြိမ်းအောင်၏ စာစီစာကုံးအမှတ်မှာ ကျောင်းသားများထဲတွင်အမှတ်အများဆုံးဖြစ်သည်။ အမှတ်နည်းသည် များသည်က အကြောင်းတော့ မဟုတ်ပါ အဓိက က မြန်မာစာ ဆရာ၏ အသိအမှတ်ပြုသည်ဆိုသည့် သဘောကိုလိုချင်ရုံသပ်သပ်သာဖြစ်သည်။ ငြိမ်းအောင်အဖြေစာအုပ်ကို ကျောင်းသားတွေအားလုံးကို ပြသည်။ ကျွန်တော်မှာ အပျော်ဆုံးသာဖြစ်တော့သည်။ ပျော်သည်က တစ်ချိန်ကအကြောင်းအရာကို ပြန်အဖက်ဆယ်နိုင်သောကြောင့်ဖြစ်သည်။
ကျွန်တော့်ကို ဆူသောငေါက်သော ဆရာမကို ပြမည်ဟုရည်ရွယ်ရင်း အခွင့်အရေးကိုစောင့်သည်။ သို့ သော်မရလိုက်။ အကြောင်းမှာ သင်္ချာဆရာမတစ်ယောက်က အမှတ်စီရန်အဖြေစာအုပ်များကို ပြန်တောင်းသောကြောင့်ဖြစ်သည်။ ထိုနောက်ပြန်မရတော့ချေ။ ကျွန်တော်သည် အောင်မှတ်ရပြီးဖြစ်၍ အဆောင်မှ ထွက်တော့မည်ဟု ထိုအချိန်ကဆုံးဖြတ်ထားပြီးဖြစ်သည်။ စွဲလမ်းခဲ့ ရသော မိန်းကလေးမှလည်း ဂုဏ်ထူးမပါလည်းရတယ် အောင်ရင်ကျေနပ်သည်ဆိုတော့ အောင်မှတ်ရပြီး ထွက်ပါမည်ဟုဆုံးဖြတ်ထားသည်။ သို့ သော် မထွက်ခွာမီ အဖြေလွှာလေးများပြန်ရလေမလားဟု စောင့်ရင်းနည်းနည်းကြာသွားသည်။ လွမ်းသည့်ခံစားချက်ကို ဦးစားပေးမိ၍ အဆောင်မှ ထွက်လိုက်ပါတော့သည်။
မထွက်ခွာမီ ကျောင်းသားများကိုနူတ်ဆပ်ရင်း "မင်းတို့ အားလုံးတစ်နေ့ လက်ခံရမယ်ဆိုတဲ့ စကားငါတည်တယ်နော်"
ဟုတစ်ဦးချင်းစီပြောမိပါသည်။
ငြိမ်းအောင်နှင့်ပတ်သက်၍ မမေ့နိုင်သောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်။ တိုက်ဆိုင်မှုတွေရှိတိုင်း သတိရနေအုံးမည်လည်း ဖြစ်ပါသည်။
ဦးလမင်း
6/12/2015 10:40am
PICTURE-MGLAMINAUNG
ငါမင်းနဲ့ ဝေးတဲ့ အချိန်ဟာ တကယ်ကို ငရဲပါ ငါကောင်မလေးတစ်ယောက်ပြီးတစ်ယောက
မင်းကို ငါ့ဘယ်လို မေ့လို့ ရမှာလဲ ..
ငါမင်းဓာတ်ပုံတွေကို တစ်နေရာမှာတင်ထားလိုက်တယ်
ငါမိန်းကလေးတစ်ယောက်နဲ့  အတူတူအိပ်နေတဲ့ အချိန်မှာ မင်းရဲ့ ပုံတွေကို ငါ့မကြည့်ရက်ခဲ့ ပါဘူး
.....
ရှင်ကို မနေ့ ညက ဟိုတယ်မှာတွေတယ် မိန်းကလေးတစ်ယောက်နဲ့ 
ဟိုတယ်ဝန်ထမ်းတွေက နှစ်လိုဖွယ်မရှိနဲ့  အပြုံးတွေနဲ့  ကျွန်မ ကို ကြည့်နေခဲ့ တယ်
ဟန်ဆောင်အပြုံးတွေကို ကျွန်မသိတာပေါ့...
ရှင်ကို အိမ်ပြန်လာစေချင်တယ်..ကျွန်မ အတွက် အသဲကွဲခြင်းတွေနဲ့  ၀ိုင်တွေပဲ ဖြည့်တင်းနေရတယ်
ရှင်ဓာတ်ပုံတွေကို တစ်နေရာမှာထားလိုက်တယ်..ပြီးတော
ကျွန်မလဲ ဘဲကြီးတစ်ယောက်နဲ့  အတူရှိနေတဲ့ အတွက် ရှင်ဓာတ်ပုံတွေကို မကြည့်ရက်ပါဘူး
မနေ့ ကရှင်ရဲ့ ရည်းစားဟောင်းနဲ့ လမ်းမှာတွေခဲ့ တယ် ..ရှင်ကိုအိမ်ပြန်လာစေချင်ပြီး
ဘုရားကျောင်းမှာ ဆုတောင်းနေခဲ့ တာ နေတိုင်းပါပဲ
ငါ့မင်းကိုဘယ်လိုမှမေ့လို့  မရခဲ့ ပါဘူး မင်းနဲ့  အတူနေချင်ပါတယ် မင်းကိုမေ့နိုင်မယ်ထင်ပြီးအရက်ေ
ဒီနေ့ မင်းဓာတ်ပုံကို ငါ့တွေခဲ့ တယ်
မင်းဆီဖုန်းခေါ်ခဲ့ တယ် မင်းကို အိမ်ပြန်လာဖို့ အကြောင်းပြောဖို့ ပေါ့
နောက်ပြီးး..ငါ့မင်းကိုချစ်တယ်.
PICTURE
မနက်ကကျောင်းမှာ ဆရာက အဲဒီစာသင်တယ် အတက်နိုင်ဆုံးအဲလို့ ဘာသာပြန်မိတယ် dictionary ကိုင်ပြီးတော့ပေါ့ ပြီးတော့ ကျွန်တော်ချစ်သူကိုသတိရ မိတယ် မျက်ရည်ဝိုင်းနေပြီး မကြာခင်မှာ မျက်ရည်ကျမိတယ် အဲဒီစာတွေက ကျွန်တော် နှလုံးသားကို ကိုင်လှူပ်ခဲ့ တယ်
ကျွန်တော်တို့  ချစ်ခဲ့ ကြပေမဲ့  အခြေအနေ အကြောင်းကြောင်းကြောင့် အဝေးမှာနေ နေရတယ် ခုထိ သူနဲ့  အဆက်အသွယ်မရသေးဘူး 4 နှစ်ရှိခဲ့ ပြီး ကျွန်တော်ခုထက်ထိမေ့လို့ မရခဲ့ ဘူး သူဓာတ်ပုံတွေတစ်ပုံမှ ကျွန်တော်ဆီမှာ မရှိဘူး ဒါပေမဲ ကျွန်တော် နှလုံးသားနေရာဆီမှာ သူရဲ့  ပုံရိပ်တွေဟာ ထင်ကျန်ဆဲပါ အသက်ဝင်ဆဲပါ ကျွန်တော်သူကို အရမ်းသတိရတယ် မနက်လင်းခါနီးမှ အိပ်ရာဝင်ခဲ့ တယ်
မောင်လမင်းအောင် 2013.1.25
ညဘက်ပုန်းရင်နတ်ဖွတ်တယ်ဆိုတာဟုတ်လား
အယ်မင်းကိုဘယ်သူပြောလဲကွ
ဟုတ်လားမဟုတ်ဘူးလာသာပြောစမ်းပါဗျာ
မဟုတ်ဘူးကွာ...
ဘာလို့ လဲ
မင်းပြောသလိုညဘက်ပုန်းရင်နတ်ဖွတ်မယ်ဆိုရင်
သူခိုးတွေ၊နောက်ပြီးအမှောင်ကိုအကွာအကွယ်ပြုပြီးသတင်းယူသူတွေ
သူလျိုတွေ အေးကွာ အဲလူတွေအကုန်နတ်ဖွတ်ကုန်မှာပေါ့..
အင်းဟုတ်သားပဲနော်.
နေပါအုံးမင်းကိုဘယ်သူပြောတာလဲ
ညတုံးကဘိုးဘိုးဘွားဘွားတို့ ကပြောတာကျွန်တော်ညီကိုလေ
အဲဒါနဲ့ ကိုလမင်းကိုပြန်ပြောကြည့်တာ
ဟဟမင်းကလဲကွာ ကလေးဦးနှောက်နဲ့ လူကြီးဦးနှောက်နဲ့ မတူဘူးလေကွာ
သူတို့ စိတ်ထဲမှာ မမြင်ရတဲ့ အရာတွေကိုပဲကြောက်တာ
ဥပမာကွာ ..ကလေးတွေညဘက်မထွက်အောင်လူကြီးတွေက သရဲခြောက်လိမ့်မယ်၊နတ်ဖွတ်လိမ့်မယ်
အဲလိုပြောတာလေကွာ မင်းသူတို့ ကို မြွေးပါးကင်းပါးသွားပြောသိမှာမှမဟုတ်တာ
ကလေးတွေရဲ့ စိတ်ထဲမှာ သရဲဆိုတာပဲရှိတော့ညဘက်အမှောင်ထဲမသွားရဲဘူး
အဲဒီတော့လူကြီးတွေလဲအလုပ်မပိုတော့ဘူးလေ
နောက်ပြီးကွာ ကလေးတွေငိုတယ်ဆိုရင် ဖိုးရွှေလမင်းကြီးရယ် ထမင်းဆီးဆမ်းပေးပါ အဲလိုဆိုလိုက်တော့
အငိုတိပ်သွားတာမျိုးပေါ့ကွာ
"အိပ်ပါတော့ကွယ်ကြောင်ကြီးကိုက်လိမ့်မယ်" သူအလိုလိုနေတဲ့ ကြောင်ကို ခြောက်လိုက့် ချော့လိုက်
နဲ့  ကလေးတွေစိတ်စွဲမယ်စကားလုံးတွေသုံးပြီး ပြောတာပေါ့ကွာ
အဟဲဟုတ်သားပဲ
.................................xxxxxx....................##
မောင်လမင်းအောင်
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
မိုးပေါ်ကို မော့ကြည်လိုက်စမ်း....ကောင်းကင်ပြင်အကျယ်ကြီး လက်နှစ်ဖက်ကိုဆန့် တန်း...လေပြေတွေရူလိုက်စမ်း..လေထုအလုံအလောက်ရှိတယ် ရေပိုင်နက်ကိုမှန်း...