Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ဆံထက်ကလူ

သဝေးသေးသေး၊ ကကွေးကွေးနှင့်

သ၏ရင်ဝယ်၊ ၀, တွဲလဲခို၊

ယရေးသတ်သည့်၊ ချစ်မမကို

သိပ်ချစ်ချင်သည်၊ ချစ်ရင်မမ


စိတ်ဆိုးရဘူး၊

သားသားအတည်......ချစ်မှာနော်..။ ။


မောင်လမင်းအောင်

မမသိစေချင်တယ်

အော်........
ကြာခဲ့ ပြီးပေါ့
အတိတ်နေရပ်တွေ
လွမ်းတယ်ဆိုတာ
ဟောင်းမြေ့နေတဲ့ 
နှလုံးသားအိမ်
ကြွေလွင့်နေတဲ့ 
နာရီသံ
တချက်ချက်
ပြီးခဲ့ တာတွေ
ပြီးခဲ့ စေတော့
မပြီးဆုံးနိုင်သေးတဲ့ 
ဇာတ်လမ်းလေးတစ်ပုဒ်
ကျွန်တော် မမ ကို သိပ်ချစ်တယ်
 
မောင်လမင်းအောင်

ချစ်သူသိစေဖို့ ..

သြော်...တစ်ခဏတာ၊ ခွဲရပေမဲ့ ၊ ရင်ထဲအသည်းထဲမှာ၊ ဆူးနစ်နေအောင်၊ သေမလောက်ခံစားနေရတယ်ဆိုတာ ၊ ကြုံဖူးရင်သိမှာပါ။
ဘ၀နှစ်ခုထပ်တူကျဖို့ အရေး၊ မျှော်တွေးပြီးတော့၊ အချစ်ဂုဏ်တက်အောင်၊ ချစ်ဆောင်ပြမယ်၊ ချစ်မောင့်နှလုံးသားမှာ၊ ချစ်ပန်းပင်စိုက်၊ ချစ်ပင်ကိုပျိုး၊ ချစ်မိုးတွေရွာ၊ ချစ်ပန်းတွေပွင့်၊ ပီတီအဟုန်နဲ့ 
ချစ်အတွက်နဲ့ ကိုယ်မှာ စာကြိုးစားနေပါတယ်။






မောင်လမင်းအောင်

မြန်မာပြည်...မင်းကိုဖန်းတီးပေးမဲ့ သူ

မိုးပေါ်ကို မော့ကြည်လိုက်စမ်း....ကောင်းကင်ပြင်အကျယ်ကြီး
လက်နှစ်ဖက်ကိုဆန့် တန်း...လေပြေတွေရူလိုက်စမ်း..လေထုအလုံအလောက်ရှိတယ်
ရေပိုင်နက်ကိုမှန်းကြည့်စမ်း......လုံလုံလောက်လောက်မင်းသုံးလောက်တယ်
ကျောင်းတက်ခေါင်းလောင်းသံတွေကိုနားထောင်းစမ်း....မင်းအနာဂတ်ကိုပုံဖော်ပေးမဲ့ သူတွေရှိတယ်
အို...ဒါနဲ့  မြန်မြာ့ပည်
မင်းဘာကြောင့်သစ်ပင်ကိုခုတ်ရောင်းလိုသနည်း
မင်းဘာကြောင့်တောင်ကိုလြဲဖြို မြေကိုဖောက်လိုသနည်း
မင်းဘာကြောင့် ရေလွှာကိုခွဲ ကျဲလိုသနည်း
မင်းဘာကြောင့် ခေါင်းလောင်သံကြားပုံဖော်ပေးမဲ့  အနာဂတ်သားလောင်းများကို ပြည်ပသို့ စီးမျောစေသနည်း..။
ဒီမယ်...မြန်မာပြည်
သစ်တောကိုဖြုန်းရေကိုဆုံးမယ် သန့် စင်တဲ့ လေဘယ်ရနိုင်မလဲ
တောင်ကိုဖြိုဖြတ် မင်းအတွက်ကာကွယ်မဲ့ သူ ဘယ်ရှိလေမလဲ
မြေကိုဖောက်တွင်း မင်းရင်တွင်းကိုဘယ်သူခိုဝင်နားခိုလိမ့်မလဲ
ခေါင်းလောင်းသံတိတ် ကျောင်းတွေပိတ်တော့ မင်းကိုဘယ်သူပြုပြင်လိမ့်မလဲ..။
ဒါကြောင့်..မြန်မာပြည်
ရူးမိုက်တဲ့ မင်းအတွေးကိုခေါင်းထဲကထုတ်လိုက်ပါ
စိမ်းလန်းစိုပြေတဲ့  သစ်တောများနေရာအနှံဖန်းတီးပါ
ရေအရင်းအမြစ်ကိုအကောင်းဆုံးအသုံးချ
လုပ်အားတွေကိုပြည်ပ စီးမျောခြင်းမှကာကွယ်ပါ
မင်းကိုထာဝရပြုပြင်ပေးဖို့  ကလေးတွေကိုအထက်တန်းအထိ အခမဲ့ ထားပေးလိုက်ပါ
ဒီလိုဆို....မြန်မာပြည်
မင်းဘ၀ပြီးပြည့်စုံပြီးပေါ့...။

မောင်လမင်းအောင်

သက်ဆိုင်သူသို့ .........

ရင်ခုန်တယ် ။

ယုံခင်တွယ် ။

ခင်ယုံကွယ် ။ ။

မောင်လမင်းအောင်

လွတ်လပ်ရေးနေ့ ကို ကြိုဆိုပါ၏

ပျော်ရွှင်မူတွေအတိနဲ့  ပြည့်ဝနေတဲ့  မြန်မာပြည်
မင်းအတွက်ဆို အသက်ကိုစွန့် လို့ ပေးဝံ့သည်။ စည်းကမ်းကောင်းမူသည့် ပြည်သူ/သားစုံညီ မြန်မာပြည် မင်းကို မင်းကို သိပ်ချစ်သည်၊ ကိုယ်ပိုင်ယဉ်ကျေးမူ အနုသုခမစုံညီ ကိုးကွယ်ယုံကြည်မူ သာသနာထွန်းသည်ပြည်ရယ် အချူပ်အခြာအာဏာမပျက်ပြားဖို့  လွတ်လပ်ရေးကို ထိန်းကြစို့ လို့  ကျွန်တော်နိုးဆော်ချင်တယ်။ တိုင်းရင်းသားညီကိုယ်တွေ တစ်စုတစ်စည်းထဲရှိတဲ့  သင်္ကေတရယ် အဖြူရောင်ကြယ်တစ်လုံးနဲ့ ကွယ် ၊ ၃၈ ဖြာမင်္ဂလာတရားဦးထတ်ထားလို့  အ၀ါရောင်ကို ရှေ့ ဆုံးကတင်တယ်၊ သယံဇာတပေါကြွယ်ဝသည့် အစိမ်းရောင်ကိုခြည်မှုန်းကာရယ် ၊ကိုယ်မြေကိုယ်ရေးကိုယ်လေ ထိပါးမခံရဲရင်စိတ်နဲ့  ရဲရင်နီရောင် ထပ်တိုးဖြည့်စွပ်တယ်၊ ဒါကြောင့်မို့  လွတ်လပ်ရေးကို တန်းဖို့ ထားလို့  ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့  ကျွန်တော် လမင်း ထပ်တိုးတောင်းဆိုတယ်။။

မောင်လမင်းအောင်

လွတ်လပ်ပြီး

ငါတို့ တွေ လွတ်လပ်ခဲ့ ပြီး............
ကောင်းကင်အလယ်မှာ
ကြယ်ဖြူတစ်ပွင့် မားမားမတ်မတ်ရပ်တည်ဖို့ 
တောင်ပေါ်၊ မြေပြန့် တိုင်းရင်သားအားလုံးရဲ့ 
စည်းလုံးညီညွတ်အားနဲ့  တည်ဆောက်ခဲ့ ပြီး

ဒီကြယ်ပွင့်ထဲ နေသူတွေကား...........
ဗုဒ္ဓဆုံးမမူတွေနဲ့ အညီ
ကျင့်ကြံနေထိုင်ပြီး
ယဉ်ကျေးမူအစဉ်အလာ ကြီးမားတဲ့ သူတွေပေါ့

သူတို့က...............
ကိုယ်ပိုင်စာပေ ကိုယ်ပိုင်ယဉ်ကျေမူ
ကိုယ်ပိုင်အနုသုခမ အသီးသီးရှိကြပြီး
အချင်းအချင်း လေးစားအားထားကြတယ်

သူတို့ ဟာ............
ကိုယ်ဘာသာ ကိုယ်လူမျိုး
ကိုယ်ပိုင်ဆိုင်သည့် လွတ်လပ်ရေးကို
ထိပါးနှောက်ယှက် ၀င်စွက်ဖက်ရင်
အထိမခံ ပြန်တွန်းလှန်သည့် သွေးကြီးတဲ့ သူတွေပေါ့။ ။

မောင်လမင်းအောင်
(4.1.2014)

နူတ်ဆပ်စာ

ရင်ခွင်တပါးပြောင်းရွေ့ သွားသည် မကြင်ချစ်သူ စိမ်းရက်သူကို မေ့နိုင်သော်ငြား ကောင်းလေတကားဟု တောင်းဆုခါခါ ပြုတိုင်းသာတည့် မချစ်လို့ မဟုတ် မချစ်သင့်တော့ပြီးမို့  မေလည်ကိုယ့်ကို မေ့နိုင်စေ............

မောင်လမင်းအောင်

ချစ်သူတမ်းချင်..........

မောင်မေမျက်နှာ ၊ တွေချင်ပါဟု

လမင်းထိန်သာ ၊ ညခါလယ်တွင်

မင်းသော်တာအား ၊တိုင်တည်မိတယ်

အောင်မြေ့လွမ်းအား ၊ စိတ်ထားနှင့် ..။

မောင်လမင်းအောင်

ချစ်သူသိမှ သိလေမလား

မင်းကိုတွေစဉ်၊ မြင်စဉ်ခဏ

နှလုံးသားဝယ်၊ ကြည်နူးပီတီ

ရင်ခုန်မိတယ်


ချစ်သူ သိမှ...သိလေမလား ။

မင်းကြောင်းတွေစဉ်၊ ရင်ဝယ်ခဏ


ထိတ်လန်ရင်မှာ၊ ဖိုလှိုက်ရင်မော

စိုးရိမ်မိတယ်၊ 


ချစ်သူ ကြည်မှ....ကြည်လေမလား။

ကိုယ်ချစ်ကိုသာ၊ ကိုသာသိရ်ျ

ကိုယ်ချစ်သူကို ၊ ကိုယ်ချစ်သော်လည်


ကိုယ်ချစ်သလောက်၊

ကိုယ်ကိုပြန်မှ...ချစ်လေမလား။ ။


မောင်လမင်းအောင်

မမသို့ ....

တတလွမ်းလွမ်း
ငိုက်မြည်းတမ်းတ
တ,တတနှင့်
ဖန်ဖန်အလွမ်း

လိမ့်လိမ့်တက်ခဲ့ 
လိုစိုးမရ
စိတ်သောကကို
ဥာဏ်သတိဖြင့်
ထိန်းချုပ်သိမ်းဆည်း
စေကာမျှလဲ
စိတ်အစဉ်သည်
ရေပြင်အလား
လှည့်လှည်သွားကာ
လွမ်းအားနှိပ်စက်
ချစ်အားထက်ရ်ျ
လွမ်းလို့ နေစဲ......မမရယ်။ ။
မောင်လမင်းအောင်

မောင်လမင်းအောင်

ရှေးဦးသဝေ၊ မလဲရေးချာ၊

ငလျင်သတ်နှင်း၊ လရေးပီမူ၊

မလည်ကူရ်ျ၊ င ကိုတဖန်၊

တံခွန်ထူပြီး၊ ၀တ်ရည်နှစ်မြွှာ၊

ရှေ့ ကဖြာသည်၊ မဝေးသဝေ၊

အ,လဲပါရ်ျ၊ ရလဲရေးချာ၊

င,သည်ထောင်းလွှာ၊

မာန်ဝင့်ကြွားသည်

မောင်လမင်းအောင် ဖြစ်သတည်း။ ။

မောင်လမင်းအောင်

တစ်ပတ်အတွင်းလူကြည့်အများဆုံး

Meber ၀င်ခဲ့ ပါဗျာ....

မောင်လမင်းအောင်(သုတစွယ်စုံ)မှာ အသစ်တင်တိုင်း Facebook ပေါ်ကဖတ်ချင်ရင် Like ကိုနှိပ်ခဲ့ပါ

မိတ်ဆွေတို့ ဖုန်းမှ ဖတ်လိုပါက Download လုပ်ယူရန်